No. 339, Mahabandola Street, Mayangone Township, Yangon | 09-443029053

Blog

Post Profile

: By Admin

2023-01-23 03:09:25

ချမ်းမြေ့မေတ္တာအသင်း တင်ဒါခေါ်ယူခြင်း (တင်ဒါအမှတ်စဉ် ၀၀၃ မှ ၀၀၇ အထိ)

Post Content

ချမ်းမြေ့မေတ္တာအသင်းသည် ညောင်ဦး မြို့နယ်၊ ထီးပုကျေးရွာအုပ်စုရှိ ကျေးရွာ (၉) ရွာတွင် ကျေးလက်ပြည်သူများ၏ ပူးပေါင်းပါ၀င်မှုဖြင့် ရေကောင်းရေသန့် ရရှိရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အောက်ပါ ကြော်ငြာတွင်ပါရှိသော လုပ်ငန်းများအတွက် မြန်မာကျပ်ငွေဖြင့် တင်ဒါ ခေါ်ယူလိုပါသည်။

တင်ဒါစည်းကမ်း၊ လုပ်ငန်းအသေးစိတ်နှင့် တင်ဒါဈေးနှုန်းတင်သွင်းလွှာပုံစံများကို တင်ဒါ ရွေးချယ်ရေးကော်မတီ၊ ချမ်းမြေ့ မေတ္တာအသင်းရုံးခွဲ၊ အမှတ် ၂၅ဝ၊ ရာဇသင်္ကြန် (၃)လမ်း၊ သီရိပစ္စယာ (၅) ရပ်ကွက် ညောင်ဦးမြို့၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၉-၁-၂၀၂၃နေ့မှ စတင်၍ ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ရယူနိုင်ပါသည်။

တင်ဒါတင်သွင်းရန် နောက်ဆုံးရက်မှာ ၂၅-၁-၂၀၂၃နေ့ ညနေ ၅း၀၀ နာရီမတိုင်ခင် အိတ်ပိတ်ထားသည့် တင်ဒါလျှောက်လွှာများကို လူကိုယ်တိုင် (သို့မဟုတ်) အမြန်ချောပို့ စနစ်ဖြင့် ပေးပို့နိုင်ပါ သည်။

အသေးစိတ်ကို အောက်ပါ Document Attachment တွင် Download ရယူပါ

Video Attachment

Photo Attachment

Document Attachment